သိန်းလေးရာကျော်တန်အိင်္ကျီ
ဗုဒ္ဓ၏ဒေသနာတွင်
ရှာဖွေတွေ့မြင်ရတာကတော့
သင်္ကန်းလှူဒါန်းသောကောင်းမှု
အကျိုးပေးသည် အမျိုးသမီးများ
အဖို့ ရတနာမျိုးစုံစီချယ်ကာ
ပန်းတိမ်ဆရာတို့ လေးလအချိန်ယူ
၍ပြုလုပ်သည့် လက်ခ တစ်သိန်းနဲ့
အိင်္ကျီတန်ဖိုး သိန်းကိုးရာထိုက်၏။
ဝိသာခါတို့ဝတ်ဆင်ခဲ့ကြတယ်လို့
တွေ့ရှိဖတ်သိရပါသည်။
ယခုကြည့်စမ်း---။
အမေ့လက်နဲ့ဖန်တီး၊
အချိန်တွေ မအားတဲ့ကြားက ရင်းနှီး
ပြီး တန်ဖိုးကြီးရတနာ ဘာတစ်ခုမှ
မပါပေသည့် အများအကျိုးကြည့်တဲ့
အမေ့အတွက် ပေးဆပ်ခဲ့တာ
အလကားမဖြစ်တော့ပေ။
ကျောက်သံပတ္တမြား စီချယ်ထားတာ
မပါပေမယ့် အမေပြောနေတဲ့
အသံတိတ်စကား အိင်္ကျီရဲ့ချည်သား
မှာ အပီအပြင်ကြားနေရတယ်လေ။
ရဲရင့်တဲ့မြန်မာ့သွေး၊
ရဲစိတ်မွေးဖို့ သင်္ကေတ ပြတာလား။
ဒါမှမဟုတ် သင်္ကန်းရဲ့သရုပ်လေလား။
စိမ်းလန်းစိုပြေ အေးချမ်းစေဖို့
လက်တို့ပြီးပြောနေတာလား။
ဒါမှမဟုတ်
ကျောင်းသားတို့၏သရုပ်လေလား။
စပါးစိုက်စား ဦးကြီးများကို
ဆိုလေသလား။
တောတောင်ရေမြေ သစ်တောတွေကို ထိန်းစေချင်တာလား။
အစိမ်းရောင်ကာလာ တွေးစရာတွေပါ။
ချစ်ခြင်းမေတ္တာ အပြာရောင်က
ငြိမ်းချမ်းရေး၊စည်းလုံးရေး၊
သွေးစည်းရေးကိုပြောနေတာလား။
အော် လားပေါင်းများစွာ
ရည်ရွယ်ကာဖြင့် မပြောပေမယ့်
ပြောသိအလား အားလုံးကြားကြပါစေ။
ရင်ဝမှာ လာပြီးဆုံထားတာကို
သေချာကြည့်။
အနီ၊အစိမ်း၊အပြာတွေဟာ
အရောင်တွေသာကွဲသော်လည်း
တစ်သဘောထဲအတူတူ
စုထားတဲ့အမေ့လက်ရာ
ဘာကိုရည်ရွယ်တယ်မသိ။
စိတ်ကော လက်ပါ
စိုက်ထုတ်ပြီး ထိုးယက်
အမေ့ရဲ့အငွေ့အသက်
ပြည့်နှက်နေတဲ့ ဒီအိင်္ကျီ
သမိုင်းတွင်ခဲ့ပြီအမေ။
(သိန်းလေးရာတစ်ဆယ့်ငါးသိန်းဖြင့်
ရရှိတန်ဖိုးသိ ပေးခဲ့သော ရွှေFMကို
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း)
No comments:
Post a Comment