Saturday, December 29, 2012

နေရာနဲ့နေတာ

နေရာနဲ့နေတာ

လောကမှာလေ---။
နေရာရဖို့လုနေကြတာတွေကို မြင်ရတော့။
ဗုဒ္ဓလက်ထက်သာဝတ္ထိမှာ
တိတ္ထိတွေ အတွေးမှားပြီး
မြတ်ဗုဒ္ဓဘုန်းကြီးတာ ဇေတဝန်မြေ
နေရာကြောင့်ဆိုပြီး ဘုရင်ကြီးပသေနဒီကို လာတ်ထိုး။
အကြံဆိုးနဲ့ဗုဒ္ဓကျောင်းအနားမှာ
ကျောင်းလာဆောက်တဲ့အဖြစ်ကိုသွားပြီး သတိရမိတယ်။
နောက်တော့ သူတို့ရွေ့ပေးရတာပါပဲ။
ပြောချင်တာက ဒီအဖြစ်အပျက်မှာ
တိတ္ထိတွေက မြတ်ဗုဒ္ဓမှာ
လာဘ၊လာတ်လာဘ။
သက္ကာရ၊ပူဇော်မှု။
သိလောက၊ကျော်ကြားမှုတွေရတာ
နေရာကြောင့်လို့ကောက်ချက်ချတာ
မှားတယ်။
နေတာ ကြောင့်ပါ။
မြတ်ဗုဒ္ဓရဲ့နေတာက ဘုရားနေနည်းလေ။
အဲဒီတော့ ရှည်နေပြီ ပြောတော့မယ်
နေရာက အရေးမကြီးဖူး။
နေတာက အရေးကြီးတယ်။
နေရာရပြီး နေတာမဟုတ်ရင်
အလကားအပုပ်အရှုပ်ထုပ်ပဲ။
တစ်ချို့နေရာ မရပေမယ့်
နေတာလှနေသူတွေလည်းရှိတယ်။
အဲဒီတော့ နေရာနဲ့နေတာ
ကိုက်အောင်နေကြပါ။
ကိုယ်က မိဘနေရာ ရောက်နေရင်
နေတာက မိဘနဲ့တူရမယ်။
ဆရာသမားနေရာရောက်နေရင်
နေတာက ဆရာသမားလိုနေရမယ်။
စသည်ဖြင့်ပေါ့။
နေရာ-နေတာ ကိုက်ညီနိုင်ကြပါစေ။

No comments: