Thursday, December 27, 2012

မဆိုဖြစ်ခဲ့သော သီချင်းတစ်ပုဒ်

အမျိုးသား(တူနယ်တူနယ်)ဒီမိုကရေစီ၊
တောင်းဆိုရန်အတည် အခွင့်အရေးဟာဖြင့်
နှစ်ဆယ့်ခြောက်နှစ်လုံးတိမ်ဖုံးနေသည်။
(နှစ်ဆယ့်ခြောက်နှစ်လုံးတိမ်ဖုံးနေသည်)
မျိုးဖျက်တစ်ပါတီ ပြုတ်ကျရေးနဲ့
ပါတီစုံရွေးကောက်ပွဲကို ဆင်နွဲဖို့ရန်အတည်
သွေးတို့ချွေးတို့မြေကျပစီ
အသက်စတေးလို့ တောင်းကြဆိုကြဒီမိုကရေစီ။
မဲပြားကိုင်လို့မြန်မာပြည် ရွေးကောက်ကြပြီ
ဆင်းရဲခံလို့ တစ်ပါတီ တိုက်ထုတ်ခဲ့သည်
ခမောက်တွေကိုယ်စီဆောင်းလို့ တင်မြှောက်ခဲ့လေသည်
ဘာမထီ သာကီ ဗိုလ်ချုပ်မျိုးဆက်အောင်ပွဲခံလေပြီ။
###
@ သို့ပေမယ့်လည်း ထင်သမျှ ဘဝင်မကျရသည်၊
ဒို့ဗမာသာကီ ဇာနည်မျိုးတို့
ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်အလီလီ
(ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်အလီလီ)
အဖမ်းချုပ်ခံရသည် အရမ်းလုပ်ခံရသည်
ဒို့တောင်သူ ဒို့အလုပ်သမားတို့
အမိမဲ့သား ရေနည်းငါးပုံအတည်၊
ကျောင်းတော်သူကျောင်းတော်သားတို့
ဝေးရာရှားကြဒုက္ခကြုံလေပြီ။
####
@နိုင်ငံရှေ့ရေး ငါမတွေးတတ်ပြီ
မည်သူ့ကိုယုံကြည်၊မည်သူ့စကားက
အမှန်တရားဖြစ်သည်
မှန်းဆမလွယ်ပြီ
တမ်းတပါသည်
များပြည်သူ စိတ်တွေအေးချမ်း
ဒီမိုကရေစီပန်း ပွင့်လန်းစေချင်သည်။

No comments: