ချစ်မှာလား၊နစ်မှာလား။
နေထွက်လာလိုက်
ပြန်ဝင်လိုက်နဲ့၊ဘဝရဲ့နေချိန်တွေ
နည်းသွားပြီ။
အတိတ်ဆီပြန်တမ်းတကာ
ငါလုပ်ခဲ့တာတွေကြည့်လိုက်တော့
ခပ်ပေါ့ပေါ့၊ခပ်ပျော်ပျော်
မတော်တာကများပါလား။
အခုရော ဘာလုပ်နေလဲဆို
ဟိုလိုလို၊ဒီလိုလိုပါပဲ။
နောင်ကျရင်ကော ဘယ်လိုလဲ၊
အနာဂတ်ကို မှန်းဆပြီး
ငါဖြစ်ချင်တာချည်းပဲတွေးလိုက်တော့
ဒါလဲ ခပ်ပေါ့ပေါ့ ပါပဲလေ။
အော် မနက်ခင်းအတွေး
လေးနက်တာတစ်ခုမှမပါ၊
သံသရာကိုမျှော်မကြည့်၊
အပျော်တစ်ခုကိုသာကြည့်ပြီး
ဒီခရီးဒီအတိုင်းသွားရင် နစ်ဖို့မြင်၏။
ငါလေ ငါ့ကိုယ်ငါ
ချစ်နေတာလား၊နစ်နေတာလား။
မကွဲမပြား၊မသေမချာ၊မရေမရာနဲ့
ကုန်ခဲ့တဲ့အချိန်တွေများကို
အခုမှပြန်လိုချင်မိနေတာဟာ
မဖြစ်နိုင်တဲ့အရာတစ်ခုလို့
သိလိုက်ရချိန်မှာ
ငါ့ဘဝက အိပ်ယာပေါ်မှာလေ။
No comments:
Post a Comment