ပေးကြည့်စမ်းပါ
ငါညကစဉ်းစားတယ်။
မနက်လင်းရင်
သူငယ်ချင်းခင်သူတွေကို
ဖေ့ဘုတ်မှာတင် ဘာပေးရင်
ကောင်းမလဲ။
ဓာတ်ပုံပေးရင်ကောင်းမလား။
အင်း ပုံတွေက ဘာကိုရည်ညွှန်း
ပေးမှာလဲ။
ဘာသာရေးလား၊
နိုင်ငံရေးလား၊
စီးပွားရေးလား၊
ပညာရေးလား၊
ယဉ်ကျေးမှုလား၊
ဗဟုသုတလား၊
ဗရုတ်သုတ်ခလား၊
အား ရွေးမရပါဖူး။
မိတ်ဆွေတွေက အမျိုးအစားအစုံ
ဆိုတော့ သူ့ပိုပေးတယ်၊ငါ့ပိုပေးတယ်နဲ့ အဝေမတည့်တာတွေဖြစ်နိုင်တယ်။
ဒီတော့ ဘာပေးရင်ကောင်းမလဲ
စဉ်းစားရင်း၊ရေးရင်း၊တွေးရင်း
ဟော မိုးလင်းလို့နေတောင်ထွက်ပြီ။
မှီမှမှီပါ့မလား။
စိုးရိမ်စွာ စဉ်းစားရင်း
သူငယ်ချင်းများအတွက်
ငါပေးမယ့်အရာ ပေါ်လာပြီ။
မေတ္တာ
အားလုံးကျမ္မာချမ်းသာ
ဘေးဘယာ ဝေးကွာ သာယာငြိမ်းချမ်း ဘဝလမ်းမှာ
ဖြောင့်ဖြူးကြပါစေ။
No comments:
Post a Comment