Monday, December 31, 2012

၂၀၁၃ ငါကျင့်သုံးမည့်ဥပဒေ

ဒီကနေ့။
(၁/၁/၂၀၁၃)။
ရောက်လာသည့်အထိ
ငါမှတ်မိသလောက် ငါ့နောက်ကြောင်းတလျှောက်
ခြေရာပြန်ကောက်ကြည့်ရင်
ဘယ်တန်ခိုးရှင်မှကူညီမှုမပါ၊
ငါ့ဖာသာ ငါ့လမ်းဖောက် ငါလျှောက်ခဲ့ရတာပဲ။
ငါလဲကျတော့လည်း မည်သူမှ မ မ
ငါဖာသာ ထခဲ့ရတာပဲ။
ငါဝမ်းနာ ငါသာသိ ငါဖြည့်ခဲ့ရတာပဲ။
ငါစိတ်ပျက် ယိမ်းရိုင်သွားရင်
ငါ့မဏ္ဍိုင် ငါပဲစိုက်ခဲ့ရတာပဲ။
ငါ့လုပ်ငန်းအဆင်မပြေ
ငါ့ဖာသာဖြေခဲ့ရတာပဲ။
ဒီတော့
ဒီကရှေ့ ငါ့ဘဝကို
ဒိထက်ပို ပြည့်ဝစိုပြေဖို့ အကြောင်းဖန်
ငါ့ကံ၊ငါ့ဉာဏ်၊ငါ့ဝီရိယကို အားကိုးမယ်။
လုပ်သမျှအလုပ်တွေကို
ဉာဏ်နဲ့ပိုင်းခြား၊
လုပ်သင့်သလား၊မလုပ်သင့်ဖူးလား။
လုပ်သင့်တဲ့အလုပ်ကို
ဝီရိယထားကြိုးစားလိုက်ရင်
ငါအဆင်ပြေ၊အပြစ်ကင်း၊
ကောင်ြးံခင်းမင်္ဂလာနဲ့ပြည့်စုံရမယ်ဆိုတာ
သေချာတယ်။
ဒါဟာ ၂၀၁၃ ငါကျင့်သုံးမည့် ဥပဒေပဲ။
မိတ်ဆွေလည်း သဘောတူရင်
ဝေမျှပါ၊ခွင့်ပြုပါ၏။

No comments: