တစ်နေထွက် လင်းခဲ့ပြန်ပြီမိတ်ဆွေ၊
ဒီလိုသာ နေထွက်တာ ခဏခဏမြင်ရရင်
အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးဟာ
တဖြေးဖြေးနည်းလာပြီလို့ပြောလို့ရတယ်။
နေထွက်ကနေဝင်ထိ
ဘာလုပ်မိခဲ့ပါသလဲ။
အိပ်ယာထဲဝင် နေ့စဉ် အသင်စဉ်းစားမိရဲ့လား၊
တစ်နေ့တာအချိန်မှာ
ကုသိုလ်ဖြစ်တာ ဘာလုပ်ခဲ့သလဲ၊
ဥစ္စာရအောင် ဘယ်လိုစွမ်းဆောင်ခဲ့သလဲ၊
ကျမ္မာရေးအထောက်အကူ ဘာရယူခဲ့သလဲ၊
ဘဝအသိပညာ ဘာရှာခဲ့သလဲ။
ဒီမေးခွန်းတစ်ခုခု
ဘာအမှုမှ မရခဲ့ရင် မိတ်ဆွေရေ
နေတွေထွက်၊နေတွေဝင်
အသက်ရှင်ခဲ့တာ အလကားပဲ။
ဒါ့ကြောင့် ဒီကရှေ့အိပ်ယာဝင်
နောက်တစ်နေ့ နေမထွက်ခင်မှာ
ကြိုတင်ကာတွေးထား
အလကားနေ့တွေ မဖြစ်ပါစေနဲ့။
No comments:
Post a Comment