Monday, December 24, 2012

ပါးစပ်၏ဒဏ်

ပြောချင်ရာပြော

လူတွေဆိုတာ အတ္တသမား
ငါ့အတွက်ဆိုပြီး တစ်ကွက်တော့
ချန်ထားတတ်ကြတယ်။
သူများအမှား တွေ့ပါက
မေးငေါ့မဲ့ရွဲ့ ကဲ့ရဲ့ကြ၏။
သူ့ပြုမိငြား အမှားဖြာဖြာ
ဖုံးဖိထားကြ လုံခြုံစွာပေါ့။
တော်တော်အတ္တများတဲ့ ဝန်းကျင်မှာ
သင်နေထိုင်သောအခါ
ဤသို့နှလုံးသွင်းနေတတ်အောင်ကြိုးစားကြည့်ပါ။သက်သာလာပါမည်။
သူများက ကိုယ့်အကြောင်းပြောတဲ့ခါ
သင်စဉ်းစားပါ။
ဟုတ်သလား၊ဟုတ်ရင်ဟုတ်တာပြောတာပဲ။
စိတ်ထဲမထားပါနဲ့။
မဟုတ်ဖူးလား။
ကိုယ်မှမဟုတ်တာပဲ စိတ်ထဲမထားပါနဲ့။
ကြိုးစားကြည့်ပါမိတ်ဆွေ။
စိတ်ချမ်းသာလာပါလိမ့်မည်။

No comments: