Friday, December 28, 2012

သားနှစ်ပါး

သားနှစ်မျိုး
အိမ်မှာမွေးတဲ့ ဓမ္မတာသားဘဝ
ကနေ၊
သိမ်မှာမွေးတဲ့ ရတနာသားဖြစ်လာ
သောအခါ၊
ဓမ္မတာသားအကျင့်စရိုက်တွေကို
ရတနာသားဘဝမှာ မကျင့်မိစေနဲ့။
ရတနာသားကလည်း
ဓမ္မတာသားတွေနဲ့ရော
ဈေးပေါပေါရတနာမဖြစ်ပါစေနဲ့။
ကိုယ်ယူထားတဲ့အသွင်အပြင်က
အရိယာတွေရဲ့အသွင်အပြင်၊
အရိယာအသွင်အပြင်နဲ့
လက်ဖက်ရည်ဆိုင်ထဲက
ညနေထွက်လာရင်
ဘယ်မြင်လို့ကောင်းပါ့မလဲ။
အကောင်းဆုံးကတော့
ရတနာသားများသည်
ရတနာများပမာ
တန်ဖိုးမြင့် ဂုဏ်တင့်စွာ
နေနိုင်ကြရင်၊
ဓမ္မတာသားတွေရဲ့အလုပ်တွေကို
ရဟန်းကျင့်ဝတ်နဲ့အညီ
ကူညီဖေးမ နေကြမယ်ဆိုရင်
သိပ်ကောင်းမှာပါ။

No comments: