Monday, December 31, 2012

ဝတ္တရားနဲ့ဝဋ်တရား

လောကဝတ်ဆိုတာရှိတယ်။
အားလုံးကိုယ်စီမှာပေါ့၊
မိဘဝတ်၊သားသမီးဝတ်၊
ဆရာဝတ်၊တပည့်ဝတ်၊
သံဃာဝတ်၊ဒကာဝတ်၊
လင်ဝတ်၊မယားဝတ် စသည်စသည်စုံလို့ပေါ့။
ပြောချင်တာက
ကိုယ်ဖြည့်ကျင့်ရမည့်
ဝတ္တရားမကျေပွန်လျှင်
ဝဋ်လိုက်တတ်တယ်။

၂၀၁၃ ငါကျင့်သုံးမည့်ဥပဒေ

ဒီကနေ့။
(၁/၁/၂၀၁၃)။
ရောက်လာသည့်အထိ
ငါမှတ်မိသလောက် ငါ့နောက်ကြောင်းတလျှောက်
ခြေရာပြန်ကောက်ကြည့်ရင်
ဘယ်တန်ခိုးရှင်မှကူညီမှုမပါ၊
ငါ့ဖာသာ ငါ့လမ်းဖောက် ငါလျှောက်ခဲ့ရတာပဲ။
ငါလဲကျတော့လည်း မည်သူမှ မ မ
ငါဖာသာ ထခဲ့ရတာပဲ။
ငါဝမ်းနာ ငါသာသိ ငါဖြည့်ခဲ့ရတာပဲ။
ငါစိတ်ပျက် ယိမ်းရိုင်သွားရင်
ငါ့မဏ္ဍိုင် ငါပဲစိုက်ခဲ့ရတာပဲ။
ငါ့လုပ်ငန်းအဆင်မပြေ
ငါ့ဖာသာဖြေခဲ့ရတာပဲ။
ဒီတော့
ဒီကရှေ့ ငါ့ဘဝကို
ဒိထက်ပို ပြည့်ဝစိုပြေဖို့ အကြောင်းဖန်
ငါ့ကံ၊ငါ့ဉာဏ်၊ငါ့ဝီရိယကို အားကိုးမယ်။
လုပ်သမျှအလုပ်တွေကို
ဉာဏ်နဲ့ပိုင်းခြား၊
လုပ်သင့်သလား၊မလုပ်သင့်ဖူးလား။
လုပ်သင့်တဲ့အလုပ်ကို
ဝီရိယထားကြိုးစားလိုက်ရင်
ငါအဆင်ပြေ၊အပြစ်ကင်း၊
ကောင်ြးံခင်းမင်္ဂလာနဲ့ပြည့်စုံရမယ်ဆိုတာ
သေချာတယ်။
ဒါဟာ ၂၀၁၃ ငါကျင့်သုံးမည့် ဥပဒေပဲ။
မိတ်ဆွေလည်း သဘောတူရင်
ဝေမျှပါ၊ခွင့်ပြုပါ၏။

Sunday, December 30, 2012

လောကဓံ

လောကဓံ

လောကထဲနေရင်
လောကဓံကြုံရမှာပဲ။
လောကဓံကိုကြံ့ကြံ့မခိုင်နိုင်ရင်
လောက ကနေ
ဒဒွေးကို နကြီးသတ်
ဒဏ်ခတ်တတ်၏။

တာဝန်

တာဝန်

လူသားတိုင်းတာဝန်ရှိ၏။
ပြောနေကြပေမယ့်
တကယ့်တကယ်က
လောကမှာ
တာဝန်ရှိပြီး တာဝန်မသိသူ။
တာဝန်သိပြီး တာဝန်မရှိသူ။
တာဝန်လည်းရှိ သိလည်းသိသူ။
တာဝန်လည်းမရှိ သိလည်းမသိသူ။
ဒီလောယောက်သောသူ
အသင်က ဘယ်လိုလူလဲ။
ကျွန်ုပ်ကတော့
တာဝန်သိပြီး တာဝန်မရှိသူပါ။
တာဝန်သိသူက ရှိရှိ မရှိရှိ
တာဝန်ယူရဲတယ်။
တာဝန်မသိသူကတော့
တာဝန်ရှိရှိ မရှိရှိ တာဝန်မယူရဲဖူး။
တာဝန်ရှိပြီး၊တာဝန်လည်းသိတယ်
ဆိုရင်တော့ အကောင်းဆုံးပေါ့။
မိသားစုနဲ့ဆိုင်သော
သင့်တာဝန် သင်သိပါ။
ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး
သင့်တာဝန်သင်သိပါ။
နိုင်ငံနဲ့ဆိုင်သော
သင့်တာဝန်သင်သိပါ။
တာဝန်မဲ့မှုကို မဖြစ်ပါစေနဲ့။

အကယ်ဒမီအတွေး

၂၀၁၁ခုနှစ် အကယ်ဒမီ

(၂)တွေပြောင်းလာပေမယ့်
(၀)နဲ့တူတဲ့ဘဝတွေမှာ
(၁)ခုမဟုတ်
(၁)ခု ဖိနှိပ်မှုတွေ၊ဘေးရန်တွေကို
(ခု)ခံကာကွယ်ရင်းက
(နှစ်)လုံးပေါက် ဒုက္ခရောက်နေချိန်
(အ)များအကျိုးအတွက်
(ကယ်)ဆယ်ရေးလုပ်ငန်းတွေကို
(ဒ)ရောသောပါးပြေးလွှားကာ အချိန်
(မီ)ဆောင်ရွက်နေသူများအား
(ဆု)ချီးမြှင့်သောအားဖြင့်
(ပေး)ဆပ်သူများကို
(ပွဲ)လည်တွင်ဂုဏ်တင့်စေရန်
(ကြီး)ကျယ်သောအခမ်းအနား
(ပြီး)ပြည့်စုံတဲ့ လူကြီးတွေ
(ပါ)ဝင်၍ကျင်းပပေးပါမူကောင်းလေ
(ပြီ)ဟု အတွေးတစ်ခုတွေးမိပါသည်။

Saturday, December 29, 2012

ယူသွားစရာ

ယူသွားစရာ

ရလာတဲ့လူ့ဘဝ
ဗုဒ္ဓ၏ဓမ္မနဲ့သာ
မတွေ့ခဲ့၊မဆုံခဲ့ရရင်
ငါ့အတွက် သေသွားရင်
ဘာမှမရှိပါလား။

နေရာနဲ့နေတာ

နေရာနဲ့နေတာ

လောကမှာလေ---။
နေရာရဖို့လုနေကြတာတွေကို မြင်ရတော့။
ဗုဒ္ဓလက်ထက်သာဝတ္ထိမှာ
တိတ္ထိတွေ အတွေးမှားပြီး
မြတ်ဗုဒ္ဓဘုန်းကြီးတာ ဇေတဝန်မြေ
နေရာကြောင့်ဆိုပြီး ဘုရင်ကြီးပသေနဒီကို လာတ်ထိုး။
အကြံဆိုးနဲ့ဗုဒ္ဓကျောင်းအနားမှာ
ကျောင်းလာဆောက်တဲ့အဖြစ်ကိုသွားပြီး သတိရမိတယ်။
နောက်တော့ သူတို့ရွေ့ပေးရတာပါပဲ။
ပြောချင်တာက ဒီအဖြစ်အပျက်မှာ
တိတ္ထိတွေက မြတ်ဗုဒ္ဓမှာ
လာဘ၊လာတ်လာဘ။
သက္ကာရ၊ပူဇော်မှု။
သိလောက၊ကျော်ကြားမှုတွေရတာ
နေရာကြောင့်လို့ကောက်ချက်ချတာ
မှားတယ်။
နေတာ ကြောင့်ပါ။
မြတ်ဗုဒ္ဓရဲ့နေတာက ဘုရားနေနည်းလေ။
အဲဒီတော့ ရှည်နေပြီ ပြောတော့မယ်
နေရာက အရေးမကြီးဖူး။
နေတာက အရေးကြီးတယ်။
နေရာရပြီး နေတာမဟုတ်ရင်
အလကားအပုပ်အရှုပ်ထုပ်ပဲ။
တစ်ချို့နေရာ မရပေမယ့်
နေတာလှနေသူတွေလည်းရှိတယ်။
အဲဒီတော့ နေရာနဲ့နေတာ
ကိုက်အောင်နေကြပါ။
ကိုယ်က မိဘနေရာ ရောက်နေရင်
နေတာက မိဘနဲ့တူရမယ်။
ဆရာသမားနေရာရောက်နေရင်
နေတာက ဆရာသမားလိုနေရမယ်။
စသည်ဖြင့်ပေါ့။
နေရာ-နေတာ ကိုက်ညီနိုင်ကြပါစေ။

အရုဏ်နဲ့အာရုံ

နေ့တစ်နေ့၏အစ၊
နေထွက်နေကျဆိုတာ ပြောစရာမလိုအောင်
အားလုံးသိတဲ့ လောကနိယာမတရားပါ။
ထိုနေထွက်လာရင် ရှေးဦးစွာပထမ
မြင်ရတဲ့အလင်းရောင် ခပ်မှောင်မှောင်မှာထိုးထွက် အရုဏ်တက်တယ်လို့ခေါ်ကြတယ်။
အရုဏ ဆိုတဲ့ပါဠိစကား ဘုရားဟောကြား၏။
အရုဏ်ကျင်းလို့ လင်းပြီဆိုတာနဲ့
အိပ်ယာထက်မှမထခင်
အာရုံဆိုတာ တွေ့ရပြီ။
အာရုံဆိုတာ စိတ်၊စေတသိတ်တို့၏မှီခိုရာ
အဆင်း၊အသံ၊အနံ့၊အရသာ၊တွေ့ထိစရာ၊
ကြံတွေးစရာ အဖြာဖြာပေါ့။
အရုဏ်တက်ပြီး လင်းတာနဲ့တစ်ပြိုင်နက်
အာရုံနဲ့စိတ်နဲ့တွေ့ပြီး တစ်နေ့တာခရီးကို
လိုတဲ့အာရုံရဖို့၊မလိုတဲ့အာရုံမရဖို့
လှုပ်ရှားလို့နေရတာ မသေမချင်းပါမိတ်ဆွေ။
ကိုယ်ကတော့ နောက်ဘဝအရုဏ်မတက်ခင်
ကိုယ်လိုချင်တဲ့အာရုံက ဓမ္မဖြစ်ချင်တယ်။
ဒါမှလည်း နောက်ဘဝအရုဏ်ဦးကို
ရွှင်မြှူးစွာတက်ခွင့်ရပြီး
အရုဏ်ဦးမှာ အာရုံထူးစွာကြုံမှာပေါ့နော်။။
ကဲ မိတ်ဆွေ ဒီနေ့
အရုဏ်ဦးမှာ အာရုံထူးတွေကြုံပါစေ၊

Friday, December 28, 2012

အနာကြီးရောဂါသည်၏စကား

အနာကြီးရောဂါသည်၏စကား

မနှစ်ကမန္တလေးမိုးကုတ်လမ်းဘေးက ရေနံသာအနာကြီးဆေးရုံကို ဆေးရုံတွင်းလူနာတို့အား (၅)ရက်
တရားစခန်းဖွင့်ပေးပြီး သူတို့၏ရွာ
နံ့သာမြိုင်ဘုန်းတော်ကြီးကျောင်း၌
သူတို့၏သားများ(၁၂၉)ပါးကိုရှင်ပြု
ပွဲလုပ်ပေးဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက နံ့သာမြိုင်ရွာလယ်
စာကြည့်တိုက်ကို အလှူငွေသွားလှူ
ကြတော့ စာကြည့်တိုက်မှူးဒကာကြီး
ပြောလိုက်တဲ့စကားတစ်ခွန်းပါ။
အရှင်ဘုရား တပြည့်တော်တို့က
ဒီဘဝမှာ မိတ်ကပ်နဲ့ပြင်လို့မလှတော့
ပါဖူး။ဒါ့ကြောင့်စိတ်ဓာတ်နဲ့ပြင်နေရ
တယ်တဲ့။

နှစ်သစ်ကိုကြိုဆိုခြင်း

၂၀၁၃ ကို ဓမ္မဖြင့်ကြိုဆိုကြပါ

အရှိထင်ရှား ရုပ်နာမ်(၂)ပါးဖြင့်၊
(၀)သုညတနိဗ္ဗာန်ကိုရချင်လျှင်၊
(၁)ကြောင်းတည်းသောသတိပဋ္ဌာန်ကို၊
(၃)ပါးသောလက္ခဏာမြင်အောင်ပွားများအားထုတ်ကြရမည်။
သို့မှသာချမ်းသာကြမည်။

သားနှစ်ပါး

သားနှစ်မျိုး
အိမ်မှာမွေးတဲ့ ဓမ္မတာသားဘဝ
ကနေ၊
သိမ်မှာမွေးတဲ့ ရတနာသားဖြစ်လာ
သောအခါ၊
ဓမ္မတာသားအကျင့်စရိုက်တွေကို
ရတနာသားဘဝမှာ မကျင့်မိစေနဲ့။
ရတနာသားကလည်း
ဓမ္မတာသားတွေနဲ့ရော
ဈေးပေါပေါရတနာမဖြစ်ပါစေနဲ့။
ကိုယ်ယူထားတဲ့အသွင်အပြင်က
အရိယာတွေရဲ့အသွင်အပြင်၊
အရိယာအသွင်အပြင်နဲ့
လက်ဖက်ရည်ဆိုင်ထဲက
ညနေထွက်လာရင်
ဘယ်မြင်လို့ကောင်းပါ့မလဲ။
အကောင်းဆုံးကတော့
ရတနာသားများသည်
ရတနာများပမာ
တန်ဖိုးမြင့် ဂုဏ်တင့်စွာ
နေနိုင်ကြရင်၊
ဓမ္မတာသားတွေရဲ့အလုပ်တွေကို
ရဟန်းကျင့်ဝတ်နဲ့အညီ
ကူညီဖေးမ နေကြမယ်ဆိုရင်
သိပ်ကောင်းမှာပါ။

ပေးကြည့်စမ်းပါ

ပေးကြည့်စမ်းပါ

ငါညကစဉ်းစားတယ်။
မနက်လင်းရင်
သူငယ်ချင်းခင်သူတွေကို
ဖေ့ဘုတ်မှာတင် ဘာပေးရင်
ကောင်းမလဲ။
ဓာတ်ပုံပေးရင်ကောင်းမလား။
အင်း ပုံတွေက ဘာကိုရည်ညွှန်း
ပေးမှာလဲ။
ဘာသာရေးလား၊
နိုင်ငံရေးလား၊
စီးပွားရေးလား၊
ပညာရေးလား၊
ယဉ်ကျေးမှုလား၊
ဗဟုသုတလား၊
ဗရုတ်သုတ်ခလား၊
အား ရွေးမရပါဖူး။
မိတ်ဆွေတွေက အမျိုးအစားအစုံ
ဆိုတော့ သူ့ပိုပေးတယ်၊ငါ့ပိုပေးတယ်နဲ့ အဝေမတည့်တာတွေဖြစ်နိုင်တယ်။
ဒီတော့ ဘာပေးရင်ကောင်းမလဲ
စဉ်းစားရင်း၊ရေးရင်း၊တွေးရင်း
ဟော မိုးလင်းလို့နေတောင်ထွက်ပြီ။
မှီမှမှီပါ့မလား။
စိုးရိမ်စွာ စဉ်းစားရင်း
သူငယ်ချင်းများအတွက်
ငါပေးမယ့်အရာ ပေါ်လာပြီ။
မေတ္တာ
အားလုံးကျမ္မာချမ်းသာ
ဘေးဘယာ ဝေးကွာ သာယာငြိမ်းချမ်း ဘဝလမ်းမှာ
ဖြောင့်ဖြူးကြပါစေ။

နေမထွက်ခင်

တစ်နေထွက် လင်းခဲ့ပြန်ပြီမိတ်ဆွေ၊
ဒီလိုသာ နေထွက်တာ ခဏခဏမြင်ရရင်
အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးဟာ
တဖြေးဖြေးနည်းလာပြီလို့ပြောလို့ရတယ်။
နေထွက်ကနေဝင်ထိ
ဘာလုပ်မိခဲ့ပါသလဲ။
အိပ်ယာထဲဝင် နေ့စဉ် အသင်စဉ်းစားမိရဲ့လား၊
တစ်နေ့တာအချိန်မှာ
ကုသိုလ်ဖြစ်တာ ဘာလုပ်ခဲ့သလဲ၊
ဥစ္စာရအောင် ဘယ်လိုစွမ်းဆောင်ခဲ့သလဲ၊
ကျမ္မာရေးအထောက်အကူ ဘာရယူခဲ့သလဲ၊
ဘဝအသိပညာ ဘာရှာခဲ့သလဲ။
ဒီမေးခွန်းတစ်ခုခု
ဘာအမှုမှ မရခဲ့ရင် မိတ်ဆွေရေ
နေတွေထွက်၊နေတွေဝင်
အသက်ရှင်ခဲ့တာ အလကားပဲ။
ဒါ့ကြောင့် ဒီကရှေ့အိပ်ယာဝင်
နောက်တစ်နေ့ နေမထွက်ခင်မှာ
ကြိုတင်ကာတွေးထား
အလကားနေ့တွေ မဖြစ်ပါစေနဲ့။

Thursday, December 27, 2012

သိန်းလေးရာကျော်တန်အိင်္ကျီ

သိန်းလေးရာကျော်တန်အိင်္ကျီ

ဗုဒ္ဓ၏ဒေသနာတွင်
ရှာဖွေတွေ့မြင်ရတာကတော့
သင်္ကန်းလှူဒါန်းသောကောင်းမှု
အကျိုးပေးသည် အမျိုးသမီးများ
အဖို့ ရတနာမျိုးစုံစီချယ်ကာ
ပန်းတိမ်ဆရာတို့ လေးလအချိန်ယူ
၍ပြုလုပ်သည့် လက်ခ တစ်သိန်းနဲ့
အိင်္ကျီတန်ဖိုး သိန်းကိုးရာထိုက်၏။
ဝိသာခါတို့ဝတ်ဆင်ခဲ့ကြတယ်လို့
တွေ့ရှိဖတ်သိရပါသည်။
ယခုကြည့်စမ်း---။
အမေ့လက်နဲ့ဖန်တီး၊
အချိန်တွေ မအားတဲ့ကြားက ရင်းနှီး
ပြီး တန်ဖိုးကြီးရတနာ ဘာတစ်ခုမှ
မပါပေသည့် အများအကျိုးကြည့်တဲ့
အမေ့အတွက် ပေးဆပ်ခဲ့တာ
အလကားမဖြစ်တော့ပေ။
ကျောက်သံပတ္တမြား စီချယ်ထားတာ
မပါပေမယ့် အမေပြောနေတဲ့
အသံတိတ်စကား အိင်္ကျီရဲ့ချည်သား
မှာ အပီအပြင်ကြားနေရတယ်လေ။
ရဲရင့်တဲ့မြန်မာ့သွေး၊
ရဲစိတ်မွေးဖို့ သင်္ကေတ ပြတာလား။
ဒါမှမဟုတ် သင်္ကန်းရဲ့သရုပ်လေလား။
စိမ်းလန်းစိုပြေ အေးချမ်းစေဖို့
လက်တို့ပြီးပြောနေတာလား။
ဒါမှမဟုတ်
ကျောင်းသားတို့၏သရုပ်လေလား။
စပါးစိုက်စား ဦးကြီးများကို
ဆိုလေသလား။
တောတောင်ရေမြေ သစ်တောတွေကို ထိန်းစေချင်တာလား။
အစိမ်းရောင်ကာလာ တွေးစရာတွေပါ။
ချစ်ခြင်းမေတ္တာ အပြာရောင်က
ငြိမ်းချမ်းရေး၊စည်းလုံးရေး၊
သွေးစည်းရေးကိုပြောနေတာလား။
အော် လားပေါင်းများစွာ
ရည်ရွယ်ကာဖြင့် မပြောပေမယ့်
ပြောသိအလား အားလုံးကြားကြပါစေ။
ရင်ဝမှာ လာပြီးဆုံထားတာကို
သေချာကြည့်။
အနီ၊အစိမ်း၊အပြာတွေဟာ
အရောင်တွေသာကွဲသော်လည်း
တစ်သဘောထဲအတူတူ
စုထားတဲ့အမေ့လက်ရာ
ဘာကိုရည်ရွယ်တယ်မသိ။
စိတ်ကော လက်ပါ
စိုက်ထုတ်ပြီး ထိုးယက်
အမေ့ရဲ့အငွေ့အသက်
ပြည့်နှက်နေတဲ့ ဒီအိင်္ကျီ
သမိုင်းတွင်ခဲ့ပြီအမေ။
(သိန်းလေးရာတစ်ဆယ့်ငါးသိန်းဖြင့်
ရရှိတန်ဖိုးသိ ပေးခဲ့သော ရွှေFMကို
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း)

မဆိုဖြစ်ခဲ့သော သီချင်းတစ်ပုဒ်

အမျိုးသား(တူနယ်တူနယ်)ဒီမိုကရေစီ၊
တောင်းဆိုရန်အတည် အခွင့်အရေးဟာဖြင့်
နှစ်ဆယ့်ခြောက်နှစ်လုံးတိမ်ဖုံးနေသည်။
(နှစ်ဆယ့်ခြောက်နှစ်လုံးတိမ်ဖုံးနေသည်)
မျိုးဖျက်တစ်ပါတီ ပြုတ်ကျရေးနဲ့
ပါတီစုံရွေးကောက်ပွဲကို ဆင်နွဲဖို့ရန်အတည်
သွေးတို့ချွေးတို့မြေကျပစီ
အသက်စတေးလို့ တောင်းကြဆိုကြဒီမိုကရေစီ။
မဲပြားကိုင်လို့မြန်မာပြည် ရွေးကောက်ကြပြီ
ဆင်းရဲခံလို့ တစ်ပါတီ တိုက်ထုတ်ခဲ့သည်
ခမောက်တွေကိုယ်စီဆောင်းလို့ တင်မြှောက်ခဲ့လေသည်
ဘာမထီ သာကီ ဗိုလ်ချုပ်မျိုးဆက်အောင်ပွဲခံလေပြီ။
###
@ သို့ပေမယ့်လည်း ထင်သမျှ ဘဝင်မကျရသည်၊
ဒို့ဗမာသာကီ ဇာနည်မျိုးတို့
ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်အလီလီ
(ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်အလီလီ)
အဖမ်းချုပ်ခံရသည် အရမ်းလုပ်ခံရသည်
ဒို့တောင်သူ ဒို့အလုပ်သမားတို့
အမိမဲ့သား ရေနည်းငါးပုံအတည်၊
ကျောင်းတော်သူကျောင်းတော်သားတို့
ဝေးရာရှားကြဒုက္ခကြုံလေပြီ။
####
@နိုင်ငံရှေ့ရေး ငါမတွေးတတ်ပြီ
မည်သူ့ကိုယုံကြည်၊မည်သူ့စကားက
အမှန်တရားဖြစ်သည်
မှန်းဆမလွယ်ပြီ
တမ်းတပါသည်
များပြည်သူ စိတ်တွေအေးချမ်း
ဒီမိုကရေစီပန်း ပွင့်လန်းစေချင်သည်။

လက္ခဏာ့စကား

ရာမဇာတ်တော်မဟာမှာ အများသိနေတာ
ဒဿနဲ့ကိုရာမပါ၊
မယ်သီတာအချစ်ကိုပဲ အပြိုင်နွဲလို့
လုယူပုံဟာ၊
လက္ခဏဆိုငါ ဘာမှမပြောဖူးရယ်လို့
မြိုသိပ်ကာထားခဲ့ရာမှာ၊
အများသိအောင်ကွာ ခုတော့ပြောပြ
ရာမဇာတ်တော်မဟာ။
လေးတော်တင်သည့်ပွဲ ပထမပဲ ငါပဲလေးချီ၊
လေး တော်ကို တင်နိုင်ရက်သား နဲ့
အစ်ကိုတော်ရာမအတွက်လေကွာ
လက္ခဏ မ တင်တာ သီတာဆိုတဲ့
မင်းသိစမ်းပါကွာ။
ဒါတွင်မက နောက်ထပ်ပြောဦးမှာ
မြိုင်ဝန်ရပ်တောထဲ အဖြစ်တစ်ခုမှာ၊
အစ်ကိုတော်ရာမမင်း ရွှေသမင်မင်းကို
လိုက်နေချိန်ခါ ၊မင်း သေချာ တကယ်သိစမ်းပါ့
စည်းသုံးတန်တားခဲ့တာဟာ
ငါ့အတွက်မဟုတ်ပါ အစ်ကိုတော်ရာမမင်းရဲ့
အတွက်ပါကွာ။
ဒါပေမယ့် တစ်ခုတော့ပြောလိုက်မှာ
ဒီလူလဲချစ်တဲ့နှလုံးသားပါ
ဒီအချစ်ကို ဥဒါန်းတင်ကာ သီတာမှတ်ပါ
အနစ်နာခံတဲ့အချစ်လို့ခေါ်တာ။

နေဝင်ချိန်အတွေး

ချစ်မှာလား၊နစ်မှာလား။

နေထွက်လာလိုက်
ပြန်ဝင်လိုက်နဲ့၊ဘဝရဲ့နေချိန်တွေ
နည်းသွားပြီ။
အတိတ်ဆီပြန်တမ်းတကာ
ငါလုပ်ခဲ့တာတွေကြည့်လိုက်တော့
ခပ်ပေါ့ပေါ့၊ခပ်ပျော်ပျော်
မတော်တာကများပါလား။
အခုရော ဘာလုပ်နေလဲဆို
ဟိုလိုလို၊ဒီလိုလိုပါပဲ။
နောင်ကျရင်ကော ဘယ်လိုလဲ၊
အနာဂတ်ကို မှန်းဆပြီး
ငါဖြစ်ချင်တာချည်းပဲတွေးလိုက်တော့
ဒါလဲ ခပ်ပေါ့ပေါ့ ပါပဲလေ။
အော် မနက်ခင်းအတွေး
လေးနက်တာတစ်ခုမှမပါ၊
သံသရာကိုမျှော်မကြည့်၊
အပျော်တစ်ခုကိုသာကြည့်ပြီး
ဒီခရီးဒီအတိုင်းသွားရင် နစ်ဖို့မြင်၏။
ငါလေ ငါ့ကိုယ်ငါ
ချစ်နေတာလား၊နစ်နေတာလား။
မကွဲမပြား၊မသေမချာ၊မရေမရာနဲ့
ကုန်ခဲ့တဲ့အချိန်တွေများကို
အခုမှပြန်လိုချင်မိနေတာဟာ
မဖြစ်နိုင်တဲ့အရာတစ်ခုလို့
သိလိုက်ရချိန်မှာ
ငါ့ဘဝက အိပ်ယာပေါ်မှာလေ။

အိမ်အလုပ်

မနက်၊မနက် အိမ်ကမထွက်ခင်။

သင်သည် ကျောင်းသား၊ဝန်ထမ်း၊
နေ့စားအလုပ်သမားစသည်ဖြင့်
တစ်ခုခုတော့ဖြစ်ပါလိမ့်မည်။
ဒါဆိုရင် အပြင်သွားရမယ်ပေါ့။
မနက်တိုင်းမှာ
သွားစရာကို အကြောင်းပြပြီး
အချီးနှီးဘာမှမလုပ်ပဲ နေခဲ့တာ
ဘယ်လောက်ကြာပြီလဲ။
ဒီကနေ့ကစ
အိမ်ဝကမထွက်ခင်မှာ
ငါလုပ်ပေးနိုင်တာ အိမ်အတွက်
ဘာရှိသလဲ။
လုပ်နိုင်သရွေ့လုပ်ပေးခဲ့မယ်ဆိုတဲ့
စိတ်မွေးပြီး အိမ်နေသူတို့အား
ကူညီထားခဲ့ပါ။

သုံးမှာလား၊ဖြုန်းမှာလား

ဒီနေ့မနက် အိပ်ယာထက်က မဆင်းခင်
အရင်စဉ်းစား။
တစ်နေ့တာအချိန်တွေကို
ဘဝအတွက်
အသုံးချမှာလား၊
ဖြုန်းကြမှာလား။

Monday, December 24, 2012

ပါးစပ်၏ဒဏ်

ပြောချင်ရာပြော

လူတွေဆိုတာ အတ္တသမား
ငါ့အတွက်ဆိုပြီး တစ်ကွက်တော့
ချန်ထားတတ်ကြတယ်။
သူများအမှား တွေ့ပါက
မေးငေါ့မဲ့ရွဲ့ ကဲ့ရဲ့ကြ၏။
သူ့ပြုမိငြား အမှားဖြာဖြာ
ဖုံးဖိထားကြ လုံခြုံစွာပေါ့။
တော်တော်အတ္တများတဲ့ ဝန်းကျင်မှာ
သင်နေထိုင်သောအခါ
ဤသို့နှလုံးသွင်းနေတတ်အောင်ကြိုးစားကြည့်ပါ။သက်သာလာပါမည်။
သူများက ကိုယ့်အကြောင်းပြောတဲ့ခါ
သင်စဉ်းစားပါ။
ဟုတ်သလား၊ဟုတ်ရင်ဟုတ်တာပြောတာပဲ။
စိတ်ထဲမထားပါနဲ့။
မဟုတ်ဖူးလား။
ကိုယ်မှမဟုတ်တာပဲ စိတ်ထဲမထားပါနဲ့။
ကြိုးစားကြည့်ပါမိတ်ဆွေ။
စိတ်ချမ်းသာလာပါလိမ့်မည်။

Sunday, December 23, 2012

ဘဝလှေမခွါခင်

ဟုတ်တယ်လေ တို့လှေတွေ လူ့ဘဝဆိပ်ကမ်းကိုခဏဆိုက်ကပ်နေစဉ်မှာ သတိအမြဲထား
အကုသိုလ်ကုန်တွေမတင်မိစေနဲ့၊သေမင်းက ဆိပ်ကမ်းကခွါဖို့ခရာတုတ်ရင် ငုတ်တုတ်မြှုပ်သွားလိမ့်မယ်။
ကုသိုလ်ကုန်များများတင် ဆုံနေစဉ်လှေအများထဲက
ဘယ်သူ့လှေကအရင်ခွါရမည်ဆိုတာမသိ။ကြိုတင်ပြင်ထားမှတော်ကာကြမယ်။

ဘဝခရီးအဆန်လမ်း

ဘဝခရီးလမ်းမှာ လောကဓံလှိုင်းအပုတ်မှာ ခန္ဓာလှေမလှုပ်အောင် သတိနဲ့ထိန်းချုပ်ပါ။
အဆန်ခရီးက တက်လည်းလို ခွက်လည်းလို ရွက်လည်းလို ဝီရိယလည်းလို ရေသာခိုလို့မရဖူး။
တက်ကျိုးရင်လက်ထိုးလှော်ရမယ်။ရေယိုရင်ခွက်နဲ့ခပ်၊လေအလာမှာရွက်လွှင့်နိုင်ရမှာဖြစ်သလို
အားသွန်ခွန်စိုက်ကြိုးစားခိုက်မှာ လှေဦးမလည်မိစေဖို့အမြဲသတိထားပါ။

အတ္တဆိုသောငါ

အရာရာငါပါလို့ရှုပ်ထွေး၊သွားလေရာ ဒုက္ခပေးတယ်ကွယ် ဧည့်သည်ရဲ့ခွေး။လောကမှာ ပရဟိတ-ပရဟိတနဲ့ အောင်မြင်လာတဲ့အခါ အတ္တအလံထူကြတာက
များပါတယ်။

Friday, December 21, 2012

လက်ခုပ်သံ

တောင်းဆိုလို့တီးတဲ့လက်ခုပ်သံသည်
အားပေးသံအစစ်မဖြစ်နိုင်ပါ။