(အနာဂတ်သာသနာ၏တရားခံ)
ထေရဝါဒဗုဒ္ဓဘာသာမှာ မပါတဲ့
ကိုးကွယ်မှု...ပူဇော်မှု...ပသမှု...ကျင့်ကြံမှု...အစုစုဟာ
မိရိုးဖလာဆိုတဲ့ အယူတစ်ခုကြောင့်
အမှောင့်ပယောဂပမာ...ဖြစ်လာရတာပါ။
ပျက်အစဉ် ပြင်ခဏ...တဲ့
အရင်ကမှားခဲ့တာ အသာထား
အခုဆက်မှားနေရင် နောင်လဲမှားဦးမှာပဲ။
ကဲ...ဘယ့်နှယ်လုပ်ကြမလဲ၊
ကလေးတွေအသည်းထဲ...ဒီအယူအစွဲတွေ ပေးခဲ့မှာလား။
ဒီကလေးတွေက...လူကြီးဖြစ်လာမှာနော်...
ကလေးကောင်းမှ လူကြီးကောင်းမှာပေါ့။
အနာဂတ်သာသနာမှာ...တစ်ခါလာဒါပဲဆိုရင်တော့
တရားခံအစစ်ဟာ ဘယ်သူဖြစ်မလဲ...။
သင့် မိသားစု သာသနာ သင်တာဝန်ယူပါ။
သင့် မိသားစု သာသနာ သင်တာဝန်ယူပါ။
No comments:
Post a Comment