Saturday, July 21, 2012

အတွေးစကား(၉ )

(ဘာသာရေးလိုက်စားသူ)

ဘုရားပွဲထဲလည်း သူ...တရားပွဲထဲလည်း သူ...
သံဃာနှင့်စပ်ရာ...ဒုလ္လဘပွဲ၊ကထိန်ပွဲ၊ရှင်ပြုပွဲလည်း သူ။
ဘုန်းကြီးပျံ၊အသုဘ၊ဒုမင်္ဂလလည်း သူ။
ဒီလူ...။
ဘာသာတရား အတော်လိုက်စားတဲ့ သူ။
သူ့ မူကိုကြည့်လေ...
တိုက်ပုံ ပုဆိုး အချိုးကျကျနနနှင့်
သုမင်္ဂလ၊ဒုမင်္ဂလ ပွဲဟူသရွေ့ အကုန်တွေ့ ၊
ဒီကနေ့တော့ သူ့အကြောင်း...အပေါင်းသင်းထံကကြား၊
ဒီလူဟာ...ဘာသာရေးပွဲတွေမှာ..အမြဲလိုက်စားနေကျတဲ့။
ကဲ...မှတ်ကရော။
ငါရော သူ့လိုဖြစ်နေသလား။
သင်ရော သူ့လိုဖြစ်နေသလား။
စဉ်းစား...။
မဖြစ်စေနဲ့နော်။

No comments: