Sunday, July 15, 2012

အတွေးစကား(၄)

(ဘဝရထား)
ဘူတာမှာ ရထားစောင့်
ရောက်သင့်တဲ့အချိန်ထက် နောက်ကျနေတာတောင်မှ
ရထားက ပေါ်မလာ။
ဘူတာတွင်းမှာတော့...
လူချင်းထိမတတ် ညှပ်သပ်နေကြတာကအမှန်။
ဆူညံနေကြတာကလည်း မနား၊
ဟိုသွားဒီသွား လမ်းသလားနေသူတွေကလည်း တစ်မှောင့်၊
တစ်ယောက်တမူ ပုံစံတွေယူထားကြတာကလည်း မျိုးစုံ။
အားလုံးအကုန်သည်...
စီးနင်းလိုက်ပါရန် စက်ရထားစောင့်ဆဲ။
အသက်ရထား...ဘဝရထား...ခန္ဓာရထားက
ဇာတိဘူတာမှထွက်...ဇရာဘူတာဘက်ကိုမောင်း...
ညောင်းလျှင် ဗျာဓိဘူတာဝင်ကာနား၊
ဆက်သွားလျှင်ခရီးဆုံး...တစ်ဝုန်းဝုန်း တစ်ချက်ချက်နဲ့...
မရဏဘူတာဘက်ပြေးနေတာကို သူတို့မသိ၊
သူတို့သိချင်တာ...
ရထားဘယ်ချိန်ဆိုက်မှာလဲ။

No comments: