(ဝါးစားခံရသူများ)
ဘဝခန္ဓာရသူတိုင်း မဆိုင်းမတွ သွားရမှာကတော့ သင်္ချိုင်းဆီကိုပဲ။
သင်္ချိုင်းဆီမရောက်ခင်
အရင်ရှေ့ပြေး...အမိန့်ပေးထားတာက...ကာလ။
စဉ်းစားကြစမ်း။
စက္ကန့်သံ တစ်ချက်ချက်နဲ့...တို့သက်တမ်းတွေ တိုတိုသွားပါလား။
စက္ကန့်ခြောက်ဆယ်ဆိုရင်...တို့သက်တမ်းတွေ တစ်မိနစ် နေဖို့လျော့သွားပြီ။
မိနစ်ခြောက်ဆယ်ဆိုရင်...တစ်နာရီအသက်ရှင်ဖို့ လျော့သွားပြီ။
ကဲ...အချိန်တွေ ကုန်နိုင်ခဲလိုက်တာလို့
ညည်းလိုက်ကြဦးလေ...။
တကယ်တော့
စက္ကန့်သံတစ်ချက်ဟာ...
သေမင်းရဲ့ ရှေ့ပြေး တမန်တော် ကာလ က
တို့သက်တမ်းကို ကိုက်ဖြတ် ဝါးစားလိုက်တဲ့ အံကျိတ်သံတစ်ချက်လို့
သိလိုက်ကြရဲ့လား။
အချိန်ကို အကျိုးရှိစွာ အသုံးချပါကွယ်။
No comments:
Post a Comment