Friday, July 20, 2012

အတွေးစကား(၇)

(လုပ်ရပ်ပေါ်မှာ မူတည်တယ်)
 အနုပညာလောကနှင့်အားကစားလောကတွေကို 
လေ့လာကြည့်ရှုမိရင်း ပေါ်လာတဲ့ အတွေးစလေးတွေပါ။ 
တစ်ချို့အဆိုတော်တွေက ကိုယ်အော်တဲ့သီချင်းသံ 
သံစဉ်ကိုက်လား မကိုက်လား၊စည်းဝါးငြိလား မငြိလား၊
ပရိသတ်ရင်ထဲ ထိလား မထိလား မသိဘဲနှင့် လက်ခုပ်လေးတီးပေးပါဦးလို့ တောင်းဆိုကြတော့ 
ပရိသတ်က မတီးချင် တီးချင်နဲ့ တီးပေးရပါရော။ 
တောင်းဆိုမှုကြောင့် တီးတဲ့လက်ခုပ်သံ အားပေးမှုအမှန်မဟုတ်ဖူး 
အားကစားဘက်လည်း ထိုနည်းတူပဲ အားပေးမှုအစစ်က ကိုယ့်လုပ်ရပ်ပေါ်မှာမူတည်တယ်၊ 
ကိုယ့်လုပ်ရပ်က သံစဉ်ကိုက် စည်းဝါးငြိ ပရိသတ်ရင်ထဲမှာ 
အချိန် နေရာ အခြေအနေ ခံစားမှု ကိုက်ညီလို့ ထိပြီဆိုရင်
 ကောင်းကင်ကြီးပွင့်ထွက်မလား လက်ခုပ်သံညံညံအားနှင့် ထောပနာတရားပြုကြတယ်လေ
 တောင်းဆိုစရာ မလိုပါဘူး။ ကိုယ်ကောင်းအောင်သာ ကြိုးစားပါ။
ဒီအတိုင်းပဲ မိတ်ဆွေ 
သင့်လုပ်ရပ် ပတ်ဝန်းကျင်ပရိသတ်က စောင့်ကြည့်နေတယ်။

No comments: