Sunday, July 15, 2012

အတွေးစကား(၂)

(သူတို့လိုများ)

သင်နေထိုင်ရာအိမ်...
ခေါင်ကမှ မိုးမလုံတော့ တစ်အိမ်လုံးရွဲတော့မပေါ့။
သင့်အိမ်ရဲ့ ည...
အလင်းရဖို့ ထွန်းညှိစရာ ဘာမှမရှိတော့ မှောင်တော့မပေါ့။
သင့်အိမ်ရဲ့ စားဝတ်နေရေး...
ချက်ပြုတ်စရာအတွက် ဝယ်ရမည့်အသပြာ ငွေဟာမရှိတော့ ငတ်တော့မပေါ့။
ဝတ်ဆင်စရာအတွက် ဝယ်ရမည့် ငွေပိုက်ဆံ မှန်မှန်မရှိတော့ အဟောင်းလေးဝတ်ပေါ့။
ဒါပေမယ့်...သင့်ရဲ့ ဟိုဘက်အိမ်...တစ်ကြိမ်လောက်တော့ လှမ်းကြည့်လိုက်စမ်းပါ.....
မိုးရေမစို...နေ့လိုညခင်း ထိန်ထိန်ကိုလင်းနေတာပဲ၊
စားပွဲပေါ်ကိုလည်းကြည့်လိုက်ဦး
အကောင်းဆုံးအစားအစာ ဖွယ်ဖွယ်ရာရာကိုစုံလို့ပဲ။
တစ်နေ့တစ်နေ့...လှဲလှယ်ဝတ်ဆင်နေကြတာကလည်း မရိုးနိုင်အောင်ပဲနော်။
ကဲ သင်မြင်ပြီမဟုတ်လား...။
သူများအိမ်တွေ...အဆင်ပြေနေကြတာများလေ
ဒါတွေက မထူးဆန်းပါဘူး...သူတို့အိမ်က တစ်အိမ်သားလုံး အလုပ်လုပ်ကြတယ်လေ။

No comments: