Sunday, July 15, 2012

တစ်​​မြေထဲမှာ

(တစ်မြေထဲမှာ)
ကမ္ဘာမြေအကျယ်ကြီးထဲမှာ
 ဒီနယ်တွင် ဒီလူစု ယခုလိုစုနေကြရတာ ဘဝရေစက်။
 ဆုံလာတဲ့ရေစက် မပျက်ရလေအောင် ညီနှောင်သားချင်း စိတ်ရင်းကိုမွေး အားပေးကူညီ။
 လူမျိုးတူသည် မတူသည်ကို ဘေးမှာထား
 လူသားချင်းတွေပဲ မဟုတ်လား။
 တစ်မြေထဲနေ တစ်ရေထဲသောက် 
တစ်ယောက်နှင့်တစ်ဦး ကြည်နူးစွာဆက်ဆံ 
အမုန်းရန်တွေကိုထိန်း တစ်စိမ်းတွေလိုမနေနှင့်။
 တစ်ယောက်ရဲ့အခက်အခဲ လက်တွဲလို့ရင်ဆိုင်
 ဘာသာချင်းလည်း မပြိုင်ကြနှင့်၊
 အာသာချင်းလည်း မဆိုင်ကြနှင့်။
 ပြိုင်ဆိုင်ကြတာ သူစိမ်းတွေအလုပ်၊
 ဒို့တစ်တွေက တစ်မြေထဲနေ---တစ်ရေထဲသောက်---တစ်မိုးအောက်မှာ
အတူတူနေကြတာ မဟုတ်လား။

No comments: