Saturday, July 21, 2012

အတွေးစကား(၁၁)

(မေ့နေကြသော အကျိုးပေး)
ဗုဒ္ဓဘာသာဓလေ့...
လှူကြပြီဟေ့ ဆိုလို့ကတော့...ကြေငြာပြီး ဆုတောင်း...။
အပေါင်းဝေနေယျကို အမျှဝေ ရေစက်ချ သဘာဝပေါ့နော်။
တစ်ရာဖိုးလှူရင်...တစ်ထောင်ဖိုးဆုတောင်း...တစ်သောင်းဖိုးအမျှဝေ
ကုသိုလ်ကံတွေကိုပေါ့။
ကြံဖန်ပြီးတွေးတယ်ပြောပြော...
သဘောကျကျ မကျကျ...ပြောရဦးမယ်။
ဒီအလှူမှာ ကျွေးမွေးရန်အတွက်...
အသေခံ အသက်ထွက်သွားရတဲ့
ကြက်၊ဝက်တွေကို သတ်မှုကံ
ဘယ်သူခံမှာလဲဟင်။

No comments: