Sunday, July 15, 2012

အတွေးစကား(၅)

(ကြားလား)

ဟဲလို...ကြားလား။
ယမမင်းလက် အနက်ရောင် စကားပြောစက်တစ်လုံးကို ကိုင်၊
ရုံးထိုင်နေပုံကို ကြည့်စမ်း။
ဟဲလို...ဘာဂဏန်းထွက်လဲ ကြားလား၊နှစ်လုံးက ဇရာ၊သုံးလုံးက မရဏ။
ဟဲလို...ဘယ်အသင်းနိုင်သွားလဲ ကြားလား၊
သုခနှင်ဒုက္ခပြိုင် ဒုက္ခအသင်းကနိုင် ဟဲလို...ကြားလား။
လောကီစီးပွား တိုးပွားဖို့ရှာနေစဉ်...သေမင်းကို အစဉ်မေ့၊
ဒီကနေ့ပြန်စဉ်းစား...
စီးပွားရှာ သွားလာနေတာ လောကီအတွက်၊
အသက်ကိုအရင်းတည် သေမင်းပြည်နှင့်အဆက်အသွယ်ပြတ် သင့်လုပ်ရပ်မှန်ပါတယ်။
ဒါပေမယ့်...လောကုတ္တရာတရား ကြိုးစားပြီးရှာမယ်ဆိုရင် သတိဝင်.....
သေချာတွေးကြံ...မနက်ဖြန်နှင့်သံသရာ...ဘယ်ဟာပိုနီးသလဲ...
ဟဲလို...ကြားလား။

No comments: