Saturday, May 24, 2014

စေတီဟူသည်

တရား။စေတီဟူသည်​။ စေတိယ။ ပူဇော်အပ် အရိုအသေပြုအပ်ရာဋ္ဌာန။ ဗုဒ္ဓလက်ထက်က ရှေးယခင်ရှိခဲ့သော နတ်ကွန်းများကိုပင် စေတီဟုခေါ်တွင်ခဲ့ပါသည်။ ​စေတီထိုက်​​သောပုဂ္ဂိုလ်​​လေးဦး။ စတ္တာ​ရော ​မေ ဘိက္ခဝေ ထူပါရဟာ ကတ​မေ စတ္တာ​ရော။ တထာဂ​တော အရဟံသမ္မာသမ္ဗု​ဒ္ဓွေွါ ထူပါရဟော ပစ္စေကဗုဒ္ဓါ ထူပါရဟော တထာဂတ သာဝကော ထူပါရဟော ရာဇာစက္ကဝတ္တိ ထူပါရဟော။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ ပစ္စေကဗုဒ္ဓဘုရားငယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏တပည့်သား အရိယာသာဝကများ။ စကြာဝတေးမင်း။ ဒီဃနိကာယ မဟာဝဂ္ဂပါဠိမဟာပရိနဗ္ဗာနသုတ္တ ထူပါရဟပုဂ္ဂလ။ အထက်ပါပုဂ္ဂိုလ်လေးမျိုး၏ဓာတ်တော် အရိုးတော်တို့သည် စေတီထိုက်ပေ၏။ ဗုဒ္ဓဘာသာတို့၏၏စေတီလေးမျိုး။ ဓာတုစေတီ။ ဓာတ်တော်များကို ဋ္ဌာပနာကာတည်ထား၏။ ဓမ္မစေတီ။ ပိဋကသုံးပုံ။ ဥဒိဿစေတီ။ ဗုဒ္ဓဘုရားရှင်ကို ရည်ရွယ်ကာ ထုဆစ် တည်ထားအပ်သော ဆင်းတုတော် ပုထိုးတော် စေတီတော်များ။ ပရိဘောဂစေတီ။ ဗုဒ္ဓ္ဓပွင့်တော်မူရာ မဟာဗောဓိပင်စသောဗုဒ္ဓ၏အသုံးအဆောင်များကို ဋ္ဌာပနာကာတည်ထား၏။

No comments: