Sunday, May 25, 2014

လောကဓံ

တရား။လောကဓံ။ အဋ္ဌိမေ ဘိက္ခဝေ လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ။ လောကောစ ဣမေ အဋ္ဌ လောကဓမ္မေ အနုပရိဝတ္တန္တိ။ လောကဓံများ ရှိရှစ်ပါး လောကသွားရာလိုက်နေသည်။ လောကကလည်း ရှစ်နောက်ပဲ အမြဲလိုက်၍နေတော့သည်။ လူ့လောကတွင် လူတို့သည် ကောင်းသော လောကဓမ္မတရားလေးပါးကို ရဖို့ကြိုးစားနေကြသလို။ မကောင်းသော မလိုချင်သော လောကဓမ္မတရားလေးပါးကို မရမကြုံဖို့ကြိုးစားနေကြသည်။ ထို့အတူ လောကဓမ္မတရားအကောင်းအဆိုးများကလည်း အမြဲမပျက် လူတို့လောနောက်ကို ကပ်လျှက်လိုက်ပါကာ မိမိပြုခဲ့သော ကံသတ္တိအရ အကျိုးဖို့အမြဲရှိနေကြလေသည်။ ကတမေ အဋ္ဌ။ လာဘောစ အလာဘောစ ယသောစ အယသောစ နိန္နာစ ပသံသာစ သုခဉ္စ ဒုက္ခဉ္စ။ လာတ်ခြွေရံရ ချီးမွှမ်းကြ သုခဝမ်းသာမြဲ။ ထိုလေးမျိုးမှ ပြောင်းပြန်ကျ လောကဝမ်းနည်းမြဲ။ လောကဓမ္မ ရှောင်မရ မုချတွေ့ကြုံမြဲ။

No comments: