ဒီဘလောက်ဂ်ကို တွေ့လိုက်ရတာသည် ရေငတ်နေသူ ရေတွေ့သည့်အလား ခံစားရပါသည်။ မိမိ၏အတွေးစကားလုံးလေးတွေကို လက်ဝါးဖြန့်ရင် လျှက်ဆားဝေပေးချင်နေသူတစ်ယောက် (ဟုတ်ပေါင် မှားလို့ တစ်ပါးအတွက်)အင်တာနက်က မြန်မာချစ်သူတွေကို မျှဝေခွင့်ရလိုက်လို့ပါ။ လောကအရေးတွေကို ဓမ္မနှင့်တွေးပြီး အပြုသဘောဖြင့် ဘာသာ၊သာသနာ၊လူမျိုး၊ယဉ်ကျေးမှု အစုစုတို့အား ကောင်းမွန်တိုးတက် ဆက်လက်ဝေဆာ တည်ပါစေမှု အာရုံပြုကာ ဝေငှပါသည်။
Sunday, May 25, 2014
လောကဓံ
တရား။လောကဓံ။
အဋ္ဌိမေ ဘိက္ခဝေ လောကဓမ္မာ
လောကံ အနုပရိဝတ္တန္တိ။
လောကောစ ဣမေ အဋ္ဌ
လောကဓမ္မေ အနုပရိဝတ္တန္တိ။
လောကဓံများ ရှိရှစ်ပါး လောကသွားရာလိုက်နေသည်။
လောကကလည်း ရှစ်နောက်ပဲ အမြဲလိုက်၍နေတော့သည်။
လူ့လောကတွင် လူတို့သည်
ကောင်းသော လောကဓမ္မတရားလေးပါးကို ရဖို့ကြိုးစားနေကြသလို။
မကောင်းသော မလိုချင်သော လောကဓမ္မတရားလေးပါးကို
မရမကြုံဖို့ကြိုးစားနေကြသည်။
ထို့အတူ လောကဓမ္မတရားအကောင်းအဆိုးများကလည်း
အမြဲမပျက် လူတို့လောနောက်ကို ကပ်လျှက်လိုက်ပါကာ
မိမိပြုခဲ့သော ကံသတ္တိအရ အကျိုးဖို့အမြဲရှိနေကြလေသည်။
ကတမေ အဋ္ဌ။
လာဘောစ အလာဘောစ
ယသောစ အယသောစ
နိန္နာစ ပသံသာစ
သုခဉ္စ ဒုက္ခဉ္စ။
လာတ်ခြွေရံရ ချီးမွှမ်းကြ သုခဝမ်းသာမြဲ။
ထိုလေးမျိုးမှ ပြောင်းပြန်ကျ လောကဝမ်းနည်းမြဲ။
လောကဓမ္မ ရှောင်မရ မုချတွေ့ကြုံမြဲ။
Saturday, May 24, 2014
စေတီဟူသည်
တရား။စေတီဟူသည်။
စေတိယ။
ပူဇော်အပ် အရိုအသေပြုအပ်ရာဋ္ဌာန။
ဗုဒ္ဓလက်ထက်က ရှေးယခင်ရှိခဲ့သော နတ်ကွန်းများကိုပင်
စေတီဟုခေါ်တွင်ခဲ့ပါသည်။
စေတီထိုက်သောပုဂ္ဂိုလ်လေးဦး။
စတ္တာရော မေ ဘိက္ခဝေ ထူပါရဟာ
ကတမေ စတ္တာရော။
တထာဂတော အရဟံသမ္မာသမ္ဗုဒ္ဓွေွါ ထူပါရဟော
ပစ္စေကဗုဒ္ဓါ ထူပါရဟော
တထာဂတ သာဝကော ထူပါရဟော
ရာဇာစက္ကဝတ္တိ ထူပါရဟော။
သမ္မာသမ္ဗုဒ္ဓဘုရားရှင်။
ပစ္စေကဗုဒ္ဓဘုရားငယ်။
သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏တပည့်သား အရိယာသာဝကများ။
စကြာဝတေးမင်း။
ဒီဃနိကာယ မဟာဝဂ္ဂပါဠိမဟာပရိနဗ္ဗာနသုတ္တ ထူပါရဟပုဂ္ဂလ။
အထက်ပါပုဂ္ဂိုလ်လေးမျိုး၏ဓာတ်တော် အရိုးတော်တို့သည်
စေတီထိုက်ပေ၏။
ဗုဒ္ဓဘာသာတို့၏၏စေတီလေးမျိုး။
ဓာတုစေတီ။
ဓာတ်တော်များကို ဋ္ဌာပနာကာတည်ထား၏။
ဓမ္မစေတီ။
ပိဋကသုံးပုံ။
ဥဒိဿစေတီ။
ဗုဒ္ဓဘုရားရှင်ကို ရည်ရွယ်ကာ ထုဆစ် တည်ထားအပ်သော
ဆင်းတုတော် ပုထိုးတော် စေတီတော်များ။
ပရိဘောဂစေတီ။
ဗုဒ္ဓ္ဓပွင့်တော်မူရာ မဟာဗောဓိပင်စသောဗုဒ္ဓ၏အသုံးအဆောင်များကို
ဋ္ဌာပနာကာတည်ထား၏။
အဓိဋ္ဌာန်
ငါတို့ ရလာ ဤခန္ဓာဖြင့်
ကျန်ရစ်သမိုင်း တွင်မရိုင်းအောင်
ကြိုးစွမ်းဆောင်ကာ
တို့သာသနာ တို့ပြည်ရွာအား
သာစည်ကားမှု ငါတို့ ပြုအံ့။
ဥပေက္ခာ
၁၁။ဥပေက္ခာ။
လူကိုမရှု သူတို့ပြုသည့်
အမှုအ ပေါ် တော် မ တော်ဖြင့်
စော်စော်ကားစေ ကောင်းပြုပေလည်း
စိတ်နေမခု ချစ်မပြုပဲ
လစ်လျူရှုတာ ဥပေက္ခာ
သည်ဟာ ဒါ့ကြောင့်ကောင်းသတည်း။
(မဟာဂန္ဓာရုံဆရာတော်)
မေတ္တာ
၁၀။မေတ္တာ။
မိမိအ ပေါ် သူမ တော်လည်း
သူတော်မြတ်ဖျား လောင်းဘုရားတို့
သူများပြစ်ဆာ မရှု ပါပဲ
ကိုယ်သာ သူ့ကျိုး ဆောင် သည်ပိုး
ရိုးရိုးမေတ္တာပွားသတည်း။
(မဟာဂန္ဓာရုံဆရာတော်)
အဓိဋ္ဌာန်
၉။အဓိဋ္ဌာန်။
ရည် ရွယ်သမျှ မပျက် ရ အောင်
ဒါနစသည် ပါရမီကို
တာရှည်မြဲမြံ ဇွဲသန်သန်
ဓိဋ္ဌာန်ဤသို့ဖြည့်သတည်း။
(မဟာဂန္ဓာရုံဆရာတော်)
သစ္စာ
၈။သစ္စာ။
လူသူအများ အထင် မှားအောင်
မုသားမပါ ကြွားမဝါပဲ
သစ္စာတည်အောင် ပြောတိုင်းဆောင်
ဘုန်းခေါင်ဤသို့ဖြည့်သတည်း။
(မဟာဂန္ဓာရုံဆရာတော်)
ခန္တီ
၇။ခန္တီ။
လူမိုက်အမှု ငါပြန်ပြုလျှင်
သူ့လိုငါလဲ လူမိုက်ပဲဟု
စိတ်ထဲတွေးဆ အေးမြမြနှင့်
ဒေါသမထွက် စိတ်မပျက်
သက်သက်အနာခံသတည်း။
(မဟာဂန္ဓာရုံဆရာတော်)
ဝိီရိယ
၆။ဝီရိယ။
အပြစ်ကင်းပျောက် ကိစ္စရောက်က
မ ကြောက်မရွံ့ နောက်မတွန့်ပဲ
သက်စွန့်ကြိုးစား လုလ္လပွား
ဘုရားအ လောင်း ဖြည့်သတည်း။
(မဟာဂန္ဓာရုံဆရာတော်)
ပညာ
၅။ပညာ။
တတ်အောင် လည်းသင် တတ်ပြီးလျှင် လည်း
ပင် ကိုယ်ဥာဏ်ဖြင့် ထပ်ကာဆင့်၍
အသင့်ပွားတိုး များအကျိုး
သည်ပိုးဆောင်၍ ဖြည့်သတည်း။
(မဟာဂန္ဓာရုံဆရာတော်)
နေက္ခမ္မ
၎။နေက္ခမ္မ။
လောကီအာရုံ ကာမဂုဏ်ကို
မစုံမမက် စွန့်ခွါထွက်၍
နှစ်သက် ရာမှန်း ကမ္မဋ္ဌာန်းနှင့်
ရဟန်းရ သေ့ ပြုသ ရွေ့
ခေါ်လေ့နေက္ခမ္မ ဤသို့တည်း။
(မဟာဂန္ဓာရုံဆရာတော်)
သီလ
၃။သီလ။
ငါးပါးသီလ ကိုယ်ကျင့်မျှကို
ကောင်းရစေကာ ဥပုသ်မှာဝယ်
စိတ်စင်ကြယ်ဖို့ ရည် ရွယ်ကျန
စောင့်သုံးရ သီလ စောင့်ပုံ
ဤသို့တည်း။
(မဟာဂန္ဓာရုံဆရာတော်)
ဒါန
၂။ဒါန။
လောကဂုဏ်သိရ် စည်းစိမ်မမက်
သက်သက်အလှူ ခံယူသူသာ
ချမ်းသာစေ ကြောင်း ငဲ့ညှာစောင်း
အ လောင်းတော်တို့ ဒါနတည်း။
(မဟာဂန္ဓာရုံဆရာတော်)
ပါရမီ
၁။ပါရမီ။
မြတ်သူ့လုပ်ငန်း
သူ့ကျိုးမှန်း၍
ကျွတ်လမ်းရွယ်ကာ
ပြုမှသာ
ပါရမီဟုခေါ်သတည်း။
(မဟာဂန္ဓာရုံဆရာတော်)
Subscribe to:
Comments (Atom)